Flame Retardant EPS Block & Board

မီးစွဲလောင်မှုကို ကြန့်ကြာစေနိုင်သော EPS ဖော့တုံးများကို သင်တို့၏လိုအပ်ချက်ပေါ်မူတည်၍ မည်သည့် အရွယ်အစား၊ ပုံသဏ္ဍာန်မဆို ပြုလုပ်နိင်ပါသည်။ ၎င်းကို insulation၊ flotation၊ packaging နှင့် foundation ဖြည့်ခြင်း စသော အင်ဂျင်နီယာဆိုင်ရာအသုံးချမှုအမျိုးမျိုးတို့တွင်လည်း အသုံးပြုနိုင်ပါသည်။

Module House

အမိုးနှင့် နံရံအကာ အားလုံးအတွက် EPS insulation sandwich panel ကို အသုံးပြုဆောက်လုပ်ထားသော Module House များသည် ပေါ့ပါးခိုင်ခံ့ပြီး အဆင့်သင့်ပြုလုပ်ထားပြီးသော အခြေခံအုတ်မြစ်ပေါ်တွင်လွယ်ကူစွာတပ်ဆင်နိုင်ပါသည်။

မည့်သည့်နေရာကိုမဆို ရွှေ့ပြောင်းတပ်ဆင်နိုင်သည့်အတွက် ယာယီ ရုံးခန်း နှင့် အဆောက်အဦးများဆောက်လုပ်ရာတွင် အထူးသင့်လျော်ပါသည်။ Module House ပုံစံဒီဇိုင်းအမျိုးမျိုးကိုလည်း ရရှိနိုင်ပါသည်။

Cold Storage Warehouse

အအေးခန်းသိုလှောင်ရုံများ ဆောက်လုပ်ခြင်းအတွက် Flame retardant EPS insulated sandwich panels များသည် အလွန်အရေးပါပါသည်။ ၎င်းတို့သည် လျင်မြန်စွာဆောက်လုပ်ပြီးစီးနိုင်ပြီး အပူဒဏ်ကိုလည်းလျော့ချပေးနိုင်ပါသည်။ ထုတ်ကုန်၏လိုအပ်သော အပူချိန်ပေါ်မူတည်၍ Panel အထူကို ၅၀မီလီမီတာ မှ ၁၅၀မီလီမီတာ (သို့မဟုတ် ထို့ထက်ပို၍) ပြောင်းလဲ ရရှိနိုင်ပါသည်။

Hanger Door, Swing Door & Window

အဆောက်အဦးတစ်ခုလုံး ပြီးပြည့်စုံစေရန် metal panel များတွင် အပြင်ပိုင်းအတွက်လိုအပ်သော တံခါးနှင့် ပြတင်းပေါက်များလည်း ဖြည့်စွက်တပ်ဆင်နိုင်ပါသည်။ A&G Korea မှ UPVC ဘောင်များ (သို့မဟုတ်) အလူမီနီယမ်ဘောင်များဖြင့် တပ်ဆင်ထားသော မှန်တစ်ထပ် (သို့) မှန်နှစ်ထပ် နှင့် ခြင်လုံဇကာ ပါဝင်သည့် ပြတင်းပေါက်များ လည်းရရှိနိုင်ပါသည်။