A&G Korea Co.,Ltd သည် 2018 ခုနှစ်တွင် A&G Technology Co.,Ltd ၏ လက်အောက်ခံ ကုမ္ပဏီ အဖြစ်မြန်မာနိုင်ငံတွင် စတင်တည်ထောင်ခဲ့ပါသည်။ A&G Technology Co.,Ltd. သည် R&D ဓာတ်ခွဲခန်းများ၊ အင်ဂျင်/ဂီယာ ထုတ်လုပ်ရေးစက်ရုံများ၊ ယာဉ်ပစ္စည်းအစိတ်အပိုင်းတပ်ဆင်ရေး စက်ရုံများ၊ EV အစိတ်အပိုင်းတပ်ဆင်ရေး စက်ရုံများ၊ လောင်စာဆဲလ် အစိတ်အပိုင်းတပ်ဆင်ရေးစက်ရုံများ နှင့် အလိုလျောက်လုပ်ဆောင်သည့် စက်ရုပ်နည်းပညာအသုံးပြုသည့် စက်ရုံများအတွက် နည်းပညာမြင့်မားသော စက်ယန္တရားများ နှင့် စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြင့် ကိုရီးယား မော်တော်ယာဉ်လုပ်ငန်းတွင် ၂၅နှစ်တာကာလအတွင်း တိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုသမိုင်းရှိခဲ့ပါသည်။
A&G Korea သည် မြန်မာ့ဈေးကွက်အတွက် EPS insulated metal panels, Flashing materials နှင့် EPS Block များကို မြန်နိုင်ငံပြည်တွင်းတွင် ထုတ်လုပ်ခဲ့ပါသည်။ ပြည်တွင်းထုတ်လုပ်မှုဖြစ်သောကြောင့် အလေးချိန်ပေါ့ပါးပြီး အရွယ်အစားကြီးမားသော insulated panel များအတွက် ပြည်ပမှသယ်ယူပို့ဆောင်စရိတ်ကို လျှော့ချပေးနိုင်ခြင်း နှင့် အဆောက်အဦးဆောက်လုပ်ရေး အချိန်ဇယားကိုလည်း ပိုမိုမြန်ဆန်စေပါသည်။
A&G Korea ၏ ပစ္စည်းထုတ်လုပ်ရေးစံနှုန်း သည် သင့်အဆောက်အဦး၏ တိကျသော ဒီဇိုင်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် A&G Korea အနေဖြင့် အရောင်အသွေး၊ သေသပ်မှုများနှင့် အခြားသော အသေးစိတ်အချက်အလက်များကို ဝယ်ယူသူ စိတ်တိုင်းကျ အထူးထုတ်လုပ်ပေးရန် အမြဲအဆင့်သင့်ရှိနေပါသည်။
A&G Korea သည် သင့်တော်သောကုန်ကျစရိတ်များ နှင့် အချိန်မြန်ဆန်စွာဆောက်လုပ်ပြီးစီးစေခြင်းရလဒ်ကောင်းများအတွက် ပစ္စည်းအသစ်များ၊ နည်းလမ်းအသစ်များနှင့် တပ်ဆင်နည်းများကို မိတ်ဆက်တင်ပြပေးရန် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဗိသုကာပညာရှင်များ၊ဒီဇိုင်နာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
.jpg)




ပဲခူးစက်မှုဇုန်အတွင်းရှိ ၁၀ဧကကျယ်ဝန်းသောမြေပေါ်တွင်တည်ရှိသော ထုတ်လုပ်ရေးလိုင်းများပါဝင်သည့်
10,000 sq.meter ကျယ်ဝန်းသောစက်ရုံအသစ်ကိုတည်ဆောက်ထားပါသည်။
Rolling / Forming စက်များသည် ပြောင်းလွယ်ပြင်လွယ်နိုင်ပြီး မတူညီသောပရိုဖိုင်များကို ထုတ်လုပ်နိုင်ပါသည်။